အသင်းဝင်များ လိုက်နာရန် စည်းကမ်းချက်များ

  

အသင်းဝင်မည်.သူများ လိုက်နာရန် စည်းကမ်းချက်များ

*****  အသင်းတွင် တာဝန်ယူလိုသောစေတနာရှင် လူစွမ်းကောင်းများသည်***** 

အောက်ပါ အချက်များနှင့် ကိုက်ညီမူရှိရမည်။

၁ ။ အသင်းတွင်ပါဝင် လိုသူသည်အသက် အနည်းဆုံး(၁၅ )နှစ်ပြည့်ရမည်။

၂။ နိုင်ငံရေးကင်းရှင်းသူဖြစ်ရမည်။

၃။ အသင်းတွင်ပါဝင်လိုသူသည် စေတနာ၊ဝါသနာ၊အနစ်နာ၊ဟုဆိုအပ်သောနာ (၃)နာဖြင့်လူသားချင်းစာနာ
    သော လူမှု့လုပ်ငန်များကိုအမှန်တကယ် လုပ်ဆောင်နိုင်ရမည်။

၎ ။ အသင်းသို့ လူမျိုးမရွေး၊ဘာသာမရွေး ပါဝင် ဆောင်ရွက်နိုင်ပါသည်။

၅ ။အသင်းဆက်လက်ရှင်သန်နိုင်ရန်အတွက် အသင်းဝင်များအနေဖြင်. ပုံမှန်လစဉ်ကြေးအနေဖြင်. မြန်မာငွေ (၅၀၀) ကျပ်ထည်.သွင်းစေလိုပါသည်။

၆။ အသင်းမှထုတ်ပြန်ထားသောစည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်နိုင်ရမည်၊အသင်းဖောင်
    တွင်ဖြည့် ကာလျှောက်ထားနိုင်သည်။

၇ ။ အသင်းဖောင်များကိုနီးစပ်ရာတာဝန်ခံများတွင်  ပေးသွင်း ငွေကျပ် (၂၀၀၀)ကျပ်ပါ ပူတွဲပေးသွင်း
    ၍ ထုတ်ယူပေးပါရန်။
    ( ***မှတ်ချက်-အသင်းအင်္ကျီနှင့် ၊အသင်းတံဆိပ်များ။အသင်းကဒ်ဖိုးသာဖြစ်ပါသည်။**)

၈ ။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ/သုံးစွဲသူ လုံးဝမဖြစ်စေရ။


*****အသင်းအစည်းအဝေးများတွင် လိုက်နာရန်*****
၁။ အသင်းအစည်းအဝေးသို့ တက်ရောက်လာသော အသင်းဝင်များသည် အသင်းဝင်အချင်းချင်း   "မင်္ဂလာပါ " ဟိုပြောဆိုနူတ်ဆက်ဂါဝရပြုပေးပါရန်။

၂။ အသင်းအစည်းအဝေးသို့ဆရာတော်များ၊အခြားဘာသာရေးဆရာတော်များကြွရောက်လာပါက ထိုင်နေ
   ရာမှထပြီး အရိုအသေပြုပေးပါရန်၊ဗုဒ္ဓဘာသာများမှာ ဦးတိုက်ရှိခိုးခြင်းဖြင့်လည်းကောင်း မတ်တပ်ရပ်၍
   သော်လည်းကောင်း၊ဘာသာခြားများ မတ်တပ်ရပ်၍ လည်းကောင်း၊(သို့) မိမိတို့ ဓလေ့ထုံးစံဖြင့်အရို
   အသေပြုရန်။

၃။ အသင်းဝင်များ အသင်းအင်္ကျီများ ဝတ်ဆင်၍လည်းကောင်း၊အသင်းရင်ထိုးများ တပ်ဆင်၍လည်း
    ကောင်း၊အသင်းအထိမ်းအမှတ်များ ကိုင်ဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်လာရန် ။

၎။ အစည်းအဝေးများတွင် မလိုလားအပ်သောအချိန်တွင်ဖုန်းဆက်ခြင်း၊ဖုန်းပြောခြင်း၊တီးတိုးနူတ်ဆက်
    စကားပြောခြင်း၊ငိုက်မျည်းခြင်း၊ခွင့်ပြုချက်မယူပဲ မိမိသဘောဖြင့်ထွက်ခွာသွားခြင်း လုံးဝမပြုလုပ်ရ။

    (မှတ်ချက် -အရေးကြီးဖုန်းများ ကို အပြင်သို့ ခွင့်ဖြင့်သွားရောက်ပြောဆိုရန်။)

၅။ အစည်းအဝေးတွင် မိမိတို့ ကွင်းဆင်းလေ့လာထားသော တွေ့ရှိချက်၊ ထင်မြင်ချက်များ ကို ပြင်ပတွင်
    အပြီးသတ်ရေးဆွဲပြီး အချိန်တိုတိုနှင့်လိုရင်းအချက်သာရွေးချယ်ပြောကြားပေးပါရန်နှင့်  အချိန်လျင်မြန်မူ
    ရှိစေရန် လုပ်ငန်း အသေးစိတ် စာရွက်စာတမ်း ဝေငှထားခြင်း၊VCD ,DVD မှတ်တမ်းများဖွင့်ပြခြင်းဖြင့်
    ရှင်းလင်းသိသာစေရန်ပြောကြားကြရန်။

၆။ အစည်းအဝေးတွင် အကောင်အထည်ဖေါ်မည့်လုပ်ငန်းအားအောက်ပါမူဖြင့်ရေးဆွဲတင်ပြ
    ပေးပါရန်....
  (က) လုပ်ငန်းအကောင်အထည်ဖော်ရခြင်း ရည်ရွယ်ချက်။
   (ခ)  သွားရောက်မည်.ဒေသဆိုင်ရာအခြေအနေ၊ဒေသခံသဘောထား။
   (ဂ) ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း။
  (ဃ) ကျင်းပမည်.နေ.ရက်နှင်. အချိန်ဇယားစာရင်း ။
   (င) စုရပ်နှင့်သွားရောက်မည့် ခရီးစဉ်၊ ယာဉ်အနေအထား လူဦးရေ အရေအတွက်။
   (စ) လိုက်ပါမည့် စေတနာရှင်နှင့် ထင်ရှားသောလူပုဂ္ဂိုလ်စာရင်း။

အသင်း ဗဟိုကော်မတီအစည်းအဝေး များကို ( ၁ ) လ တစ်ကြိမ် ပုံမှန်ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။

အသင်းတွေ့ဆုံ မိတ်ဆက်ပွဲများ ကို ( ၃ )လတစ် ကြိမ် အကြောင်းကြား ပြုလုပ်မည်ဖြစ်ပါသည်။
*****အသင်းလုပ်ငန်းများဆောင်ရွက်စဉ်လိုက်နာရန်*****

      

၁။ အသင်း အလှူပွဲများတွင် အသင်းအထိမ်း အမှတ် logo တံဆိပ်ပါ အလံများ တင်ထားခြင်း၊အသင်းဗီိနိုင်း
    ချိတ်ဆွဲခြင်း၊သာသနာအလံများ လွှင့်ထူထားခြင်းများကို အသင်းတာဝန်ခံများမှအထူးဂရုစိုက်ညွန်ကြား
    ပေးရန်။

၂။ မိမိတို့က အသင်းခွဲများ နှင်ဆက်ဆံသည့်အခါ မိမိတို့ဗဟိုအသင်းပေါ် အကြည်အညို ပျက်စေမည့်
    အပြုအမူ အပြောအဆို များကိုအထူး ဂရုစိုက်ရှောင်ရှားရန်။
      

၃။ မိမိတို.အားလုံးသည် နိုင်ငံတော်နှင်. လူမျိုးအပေါ် သစ္စာမဖောက်ပဲ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင်. သက်ဆိုင်ရာ ဒေသန္တရ အမိန်.များကို လိုက်နာ၍ လူမှုအကျိုးပြုလုပ်ငန်းများကိုသာ စွမ်းစွမ်းတမံ ဆောင်ရွက်ရန်။
 
၎။ မိမိတို့အသင်းသည် လူသားချင်း စာနာထောက်ထားသော အကူအညီများကိုလူမျိုးမရွေး၊ဘာသာမရွေး
    ဆောက်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါကအခြားသော လူမူကူညီမှုအသင်းများ နှင့်ပူးတွဲလုပ်
    ဆောင် အကောင်အထည်ဖော်သွားရန်။

 ၅။ အမျိုးသား ၊အမျိုးသမီး များသည် အသင်းအလှူပွဲသို့တက်ရောက်သည့်အခါ မြန်မာ့ယဉ်ကျေးမူနှင့်
    ဆန်.ကျင်သော အ၀တ်အထည်၊အသုံးဆောင်များ ကို မ၀တ်ဆင်လာရန်။

၆။ အသင်းအားအထင်လွဲစေမည့် မသမာသောလုပ်ငန်းများ၊ အပြောအဆိုများကို အသိတရား၊သတိထား
    ပြီးရှောင်ရှားကြရန်။

၇။ အသင်း လုပ်ငန်းလုပ်ရှားမူတွင် သေရည်သောက်သုံးခြင်းများ လုံးဝခွင့်မပြုပါ။

၈။ အသင်းလုပ်ငန်းများတွင်မိမိတို့တာဝန်ယူထားသောလုပ်ငန်းများကိုမပျက်မကွက်ထိန်းသိမ်းထမ်းဆောင်
    ခြင်းဖြင့်မိမိတန်ဖိုးတက်အောင်ကြိုးစာကြရန်။

၉။အသင်းဝင်များသည် အသင်းလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ.ဝင်များအား ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ်ကျင့်ကြံထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရန်။

 

အဖြူရောင်သုခအလင်း ပရဟိတအသင်း သားများအားလုံး လိုက်ပါလုပ်ဆောင်ရန် တည်ထောင်သူအဖွဲ့ မှချမှတ်ထားသော စည်းကမ်းများ

E-mailAttention: open in a new window. Print
 

အဖြူရောင်သုခအလင်း ပရဟိတအသင်း တည်ထောင်သူ အဖွဲ့ မှ ယနေ့  5.02.2013 ရက်နေ့ တွင် အဖြူရောင်သုခအလင်း ပရဟိတ အသင်း  တစ်ခုလုံး  လိုက်နာစေရန် အောက်ပါ စည်းကမ်းချက်များအား အတည်ပြုချမှတ်လိုက်ပါသည်။        
ထို စည်းကမ်းများအား ယနေ့ ချမှတ်သည့် နေ့ မှ စ၍ အဖြူရောင်သုခအလင်း ပရဟိတ အသင်းသားအားလုံး လိုက်ပါ လုပ်ဆောင်ရန် လိုအပ်ပါသည်။


(၁) အဖြူရောင်သုခအလင်း ပရဟိတ အသင်း  ရှိ တာဝန်ခံ တစ်ယောက်အနေ ဖြင့် အဖြူရောင်သုခအလင်း ပရဟိတ အသင်း ဗဟို ဦးစီးကော်မတီ အဖွဲ့  အား တင်ပြခြင်း မရှိပဲ မိမိ ဆန္ဒ သဘောအလျောက် တာဝန်ခံ လွှဲပြောင်းခြင်း၊ အခြား အဖွဲ့ အစည်း တစ်ခုတွင် ပါဝင် လုပ်ဆောင်ခြင်း ၊ မိမိ အဖွဲ့ အစည်း၏ ချမှတ်ထားသော လုပ်ထုံး လုပ်နည်းများအား တစ်စုံ တစ်ရာ ခွင့်ပြုချက်မရှိပဲ မသက်ဆိုင်သူများအား ချပြခြင်း၊ မသက်ဆိုင်သောနေရာများတွင် ဆွဲယူ အသုံးပြုခြင်းများ မပြုလုပ်ရ။


(၂)  အဖြူရောင်သုခအလင်း ပရဟိတ အသင်း တာဝန်ခံများသည် မိမိ တာဝန်ထမ်းဆောင်နေချိန်အတွင်း မိမိ တာဝန်အား ရပ်နား၊ လွှဲပြောင်းလိုပါက တည်ထောင် သူ အဖွဲ့နှင့်   ဗဟိုဦးစီးကော်မတီထံသို့တာဝန်လွှဲပြောင်းရန် အတွက် အချိန် (၁)လ ကြိုတင် အသိ ပေးရမည်။ ထိုအချိန်များတွင် တည်ထောင်သူအဖွဲ့နှင့် ဗဟို ဦးစီးကော်မတီ မှ သတ်မှတ်ပေးသော တာဝန်ခံထံသို့ မိမိတာဝန်ဝတ္တရားများအား လွှဲပြောင်းညှိနှိုင်း လက်တွဲခေါ်ယူပေးရမည်။

(၅)  အဖြူရောင်သုခအလင်း ပရဟိတ အသင်း တာဝန်ခံတစ်ယောက်အနေဖြင့် မိမိတာဝန်ယူခဲ့သော ကိစ္စအ၀၀ကို တာဝန်ခံအသစ်လွဲပြောင်းပြီးချိန်အထိ  တာဝန်ယူရမည်။

(၆) အဖြူရောင်သုခအလင်း ပရဟိတ အသင်း  ၏ တာဝန်ယူ လုပ်ဆောင်မည့် တာဝန်ခံတစ်ယောက်သည် တည်ထောင်သူအဖွဲ့နှင့် ဗဟိုဦးစီးကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာနိုင်ရမည်။

(၇) အဖြူရောင်သုခအလင်း ပရဟိတအသင်း၏ အမည်အားသုံးစွဲ၍ ပုဂ္ဂလိကဆိုင်ရာ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းအား ပြင်းထန်စွာ တားမြစ်သည်။ 


အဖြူရောင်သုခအလင်း ပရဟိတ အသင်း တည်ထောင်သူအဖွဲ့ ၏ ညွန်ကြားချက်အရ ထုတ်ပြန်သည်။

ဖွဲ့စည်းပုံ နှင့် လုပ်ထုံးလုပ်နည်းစံများ

ဗဟိုဦးစီးကော်မတီ ဖွဲ.စည်းပုံ

၁။   နာယက
၂။   ဥက္ကဌ
၃။   ဒု - ဥက္ကဌ(၁)
၎။   ဒု - ဥက္ကဌ(၂) 
၅။   အတွင်းရေးမှူး
၆။   တွဲဖက်အတွင်းရေးမှူး
၇။   စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ (ဗဟို)
၈။   ဘဏ္ဍာရေးမှူး (ဗဟို)
၉။   ရံပုံငွေရှာဖွေရေးတာဝန်ခံ (ဗဟို)
၁၀။ စာရင်းကိုင်တာဝန်ခံ (ဗဟို)
၁၁။ စည်းရုံးရေး/အသင်းသားရေးရာတာဝန်ခံ (ဗဟို)
၁၂။ ကျန်းမာရေးတာဝန်ခံ (ဗဟို)
၁၃။ ကွင်းဆင်းလေ.လာရေးတာဝန်ခံ (ဗဟို)
၁၄။ ဂီတအနုပညာဖျော်ဖြေရေးတာဝန်ခံ (ဗဟို)
၁၅။ အင်တာနက် သတင်းနှင်.ပြန်ကြားရေးတာဝန်ခံ (ဗဟို)
၁၆။ အဖွဲ.ခွဲအုပ်ချုပ်မှုကော်မတီ တာဝန်ခံ အားလုံးသည် ဗဟိုဦးစီးကော်မတီအဖွဲ. တွင်ပါဝင်သည်။
Attention: open in a new window. PrintE-mail
 အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းပုံ။
 
၁။ အဖြူရောင်သုခအလင်း ပရဟိတ အသင်း အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တာဝန်ခံ 
(ခ) အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တွဲဖက် တာဝန်ခံ (လိုအပ်လျှင်)
(ဂ) စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ
(ဃ) ဘဏ္ဍာရေးတာဝန်ခံ 
(င) ရံပုံငွေရှာဖွေရေးတာဝန်ခံ
(စ) စာရင်းကိုင်တာဝန်ခံ
(ဆ) စည်းရုံးရေး/အသင်းသားရေးရာတာဝန်ခံ
(ဇ) ကျန်းမာရေးတာဝန်ခံ 
(ဈ) ကွင်းဆင်းလေ.လာရေးတာဝန်ခံ
(ည) အင်တာနက်နှင်. သတင်းပြန်ကြားရေးတာဝန်ခံ

  
မှတ်ချက်။ အထက်ပါ အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ ရှိ တာဝန်ခံများကို အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီဝင်များ ဟုလည်း ယေဘူယျ ခြုံငုံ၍ ခေါ်ဆို သုံးနှုံးနိုင်ပါသည်။

 

အဖွဲ.ခွဲများလိုက်နာလုပ်ဆောင်ရမည်. တာဝန်များ


၁။  အဖြူရောင်သုခအလင်း ပရဟိတ အသင်း ဗဟိုဦးစီးကော်မတီမှ အကျိုးအကြောင်း လျှော်ညီစွာ ကန့်ကွက်သောကိစ္စများကို မည်သည့်  အဖြူရောင်သုခအလင်း ပရဟိတ အသင်း ဒေသဆိုင်ရာ ပရဟိတအဖွဲ့ခွဲကမှ ဆက်လက်လုပ်ဆောင်ရမည် မဟုတ်ပါ။
  
၂။  အဖြူရောင်သုခအလင်း ပရဟိတ အသင်း ၏ အဖွဲ့ခွဲတိုင်းသည် အောက်ပါ ဖွဲ့စည်းပုံအတိုင်းပြည့်မှီအောင် ကြိုးစားဖွဲ့စည်းကြရမည်ဖြစ်သည်။ သက်ဆိုင်ရာအဖွဲ့ခွဲ၏ အရွယ်အစားပေါ်မူတည်၍ လိုအပ်ချက်အရ မိမိတို့အဖွဲ့ခွဲနှင့် ကိုက်ညီမည့် အခြားတာဝန်ခံနေရာများအား တိုးချဲ့သတ်မှတ်ပေးရန်လိုအပ်ပါက စီစစ်သုံးသပ်ပြီး ဗဟိုဦးစီးကော်မတီထံတင်ပြ၍ အတည်ပြုချက်ရယူပြီး ထပ်မံထည့်သွင်းဖွဲ့စည်းနိုင်သည်။
    
၃။ အဖြူရောင်သုခအလင်း ပရဟိတအသင်းဖွဲ့ခွဲ အသစ်အနေဖြင့် တိုးချဲ့ဖွဲ့စည်းမည်ဆိုပါက အောက်ဖော်ပြပါ တာဝန်ခံအမှတ်စဉ်များထဲမှ အမှတ်စဉ် (က/ခ၊  ဂ၊ ဃ) တာဝန်ခံနေရာများ အတွက် တာဝန်ခံလုပ်ဆောင်ပေးမည့် ပရဟိတ ညီအစ်ကိုမောင်နှမများ ရှိမှသာ အဖွဲ့ခွဲအနေဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဗဟိုဦးစီးကော်မတီသို့ တင်ပြရမည်။
  
၎။  အဖြူရောင်သုခအလင်း ပရဟိတ အသင်း ၏ မူရင်းရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့်အညီ အဖွဲ့ခွဲ၏ သက်ဆိုင်ရာလှုပ်ရှားမှု တာဝန်ခံများမှ အနီးကပ် ကြီးကြပ်ကွပ်ကဲကာ ဗဟိုဦးစီးကော်မတီ ဖွဲ့စည်းပုံ  အတွင်းရှိ သက်ဆိုင်ရာ တာဝန်ခံများနှင်. ပူးပေါင်းဖော်ဆောင် ရမည်ဖြစ်သည်။
   
၅။  အဖြူရောင်သုခအလင်း ပရဟိတ အသင်း  အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီသည် အောက်ပါလုပ်ငန်းရပ်များတွင် အဓိက တာဝန်ရှိပါသည်။
   

  • သက်ဆိုင်ရာ မိမိတို့အဖွဲ့ခွဲ၏ ပရဟိတ လှုပ်ရှားမှုများကို မူရင်းရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ စွမ်းစွမ်းတမံ ဖော်ဆောင် လုပ်ကိုင်နိုင်ခြင်း၊
  • အခြားအဖွဲ့ခွဲများ၏ ပရဟိတလှုပ်ရှားမှုများကို ပံ့ပိုးကူညီခြင်း၊
  • အလှူငွေတိုးပွားရေး ဆောင်ရွက်ခြင်း၊
  • ပင်မ ပရဟိတ ရံပုံငွေ တိုးပွားရေး ၀ိုင်းဝန်း လုပ်ဆောင်ခြင်း၊
  • အဖွဲ့ခွဲအလိုက် လစဉ်အသုံးစရိတ် နှင့် သတ်မှတ်ငွေ ပမာဏ အတွင်းရှိ အလှုငွေ သို့မဟုတ် ရံပုံငွေအား စီမံခန့်ခွဲခြင်း၊
  • အလှုငွေများနှင့် ရ/သုံး ရှင်းတမ်းများကို၊ ဒေသဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်းတိကျစွာ ဖြင့် ဗဟိုဦးစီးကော်မတီ  သက်ဆိုင်ရာ  ဗဟိုတာဝန်ခံများသို့ တင်ပြခြင်း၊
  • ပိုငွေများအား ပင်မ ဘဏ်အကောင့်ထဲသို့ ထည့်သွင်းခြင်း၊
  • ပရဟိတလုပ်ငန်းများအား လူအများ သိရှိပြန့်နှံ့စေရန်ဆောင်ရွက်ခြင်း၊
  • ဒေသ၀န်းကျင်မှ ပရဟိတစွမ်းဆောင်ရှင်များအား စည်းရုံးခြင်း၊
  • လိုအပ်ချက်အရ အဆင့်ဆင့်သော ဗဟိုဦးစီးကော်မတီ၏ စည်းရုံးလှုံ့ဆော်မှုများကို ၀ိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက် အကောင်အထည်ဖော်ခြင်း
  • ဗဟိုဦးစီးကော်မတီအဖွဲ့၏ အတည်ပြုဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း။ 

       

  
တာဝန်ခံ တစ်ဦးချင်းစီ၏ တာဝန် ၀တ္တရားများ
   
၁။ အဖွဲ့ခွဲ အုပ်ချုပ်မှူကော်မတီ တာဝန်ခံ
    
အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တာဝန်ခံသည် အောက်ပါလုပ်ငန်းရပ်များတွင် အဓိက တာဝန်ရှိပါသည်။

  • အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့ခွဲကို ဦးဆောင်ရန်၊
  • မိမိအဖွဲ.၏ လုပ်ဆောင်ချက်များ၊ ရံပုံငွေ ရ/သုံး စာရင်းများအား ဗဟိုကော်မတီသို.  (၁) လတစ်ကြိမ် တင်ပြရန်။
  • အဖွဲ့တာဝန်ခံများအလိုက် သက်ဆိုင်ရာ တာဝန်များကို အဆင်ပြေချောမွေ့စွာ ကိုယ်စီထမ်းဆောင်နိုင်စေရေး ညှိနှိုင်းကြီးကြပ် ကွပ်ကဲရန်၊
  • အဖွဲ့ခွဲအလိုက် လစဉ်အသုံးစရိတ် နှင့်  ရံပုံငွေအား စီမံခန့်ခွဲရန်၊
  • စုစည်းရံပုံငွေအား  အဖြူရောင်သုခအလင်း ပရဟိတ အသင်း အဖွဲ့ ပင်မဘဏ်အကောင့်ထဲသို့ ထည့်သွင်းရန်၊
  • အဖြူရောင်သုခအလင်း ပရဟိတ အသင်း  ၏ ပင်မ ပရဟိတ ရံပုံငွေ တိုးပွားရေး ၀ိုင်းဝန်း လုပ်ဆောင်ရန် နှင့်
   
၂။ အဖွဲ့ခွဲအုပ်ချုပ်မှုကော်မတီ တွဲဖက် တာဝန်ခံ
     
အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တွဲဖက် တာဝန်ခံသည် တာဝန်ခံအား (တာဝန်ခံနည်းတူ) ကူညီဆောင်ရွက်ရန်။
         
၃။ စည်းရုံးရေး/အသင်းသားရေးရာ တာဝန်ခံ
     
တာဝန်ခံသည် အောက်ပါလုပ်ငန်းရပ်များတွင် အဓိကတာဝန်ရှိပါသည်။
        
  • အသင်းသား အင်အား တိုးပွားရန်၊
  • တိုးပွားလာသော စိတ်ဝင်စားကာ ဆက်သွယ် စုံစမ်းလာသော အသင်းဝင်လိုသူများအား သေချာစွာ ရှင်းပြရန်၊
  • လစဉ်အသင်းဝင်ကြေးများအား ကောက်ခံနိုင်ရန်၊
  • ထိုအသင်းဝင်ကြေး စုစုပေါင်းအား လကုန်ပြီး ၅ ရက်အတွင်း သက်ဆိုင်ရာ အဖွဲ့ခွဲ ဘဏ္ဍာထိန်းတာဝန်ခံအား အပ်နှံနိုင်ရန် နှင့်
  • အပ်နှံပြီးသော အသင်းဝင်ကြေးကောက်ခံရရှိငွေစာရင်းအား သက်ဆိုင်ရာအဖွဲ့ခွဲ ငွေစာရင်းကိုင်အားပေးအပ်ရန်။
  • သက်ဆိုင်ရာ အဖွဲ့ခွဲအတွင်းရှိ အသင်းဝင်များနှင့်သက်ဆိုင်ရာ ကိစ္စအ၀၀တွင် ၀င်ရောက် လုပ်ကိုင်ရန်။
       
၎။ ဘဏ္ဍာထိန်း တာဝန်ခံ
     
ဘဏ္ဍာထိန်း တာဝန်ခံသည် အောက်ပါလုပ်ငန်းရပ်များတွင် အဓိကတာဝန်ရှိပါသည်။
     
  • မိမိသက်ဆိုင်ရာအဖွဲ့ခွဲမှ ကောက်ခံရရှိလာသည့် သို့မဟုတ် လက်ခံရရှိသည့် သို့မဟုတ် မိမိသက်ဆိုင်ရာအဖွဲ့ခွဲနှင့် သက်ဆိုင်သည့် အလှူငွေများ၊ ရံပုံငွေများကို စာရင်းဇယားနှင့်တကွ စာရင်းပြုစုလက်ခံထိန်းသိမ်းရန်၊
  • စုစည်းရရှိငွေများအား  အဖြူရောင်သုခအလင်း ပရဟိတ အသင်း ပင်မ ဘဏ်အကောင့်ထဲသို့ ထည့်သွင်းရန်၊
  • သက်ဆိုင်ရာ မိမိတို့အဖွဲ့ခွဲအတွင်းရှိ အဖွဲ့ခွဲအုပ်ချုပ်မှူကော်မတီအနေဖြင့် အသုံးပြုပိုင်ခွင့်ရှိသည့် အခြေခံအသုံးစရိတ်
  • မိမိတို့ အဖွဲ့ခွဲမှ ကူညီလုပ်ဆောင်ပေးနိုင်သည့် အခြားဘဏ္ဍာရေးနှင့်ဆိုင်သော ကိစ္စရပ်များကို ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးနိုင်ရန်။
      
၅။ စာရင်းကိုင် တာဝန်ခံ
        
စာရင်းကိုင် တာဝန်ခံသည် အောက်ပါလုပ်ငန်းရပ်များတွင် အဓိကတာဝန်ရှိပါသည်။
     
  • သက်ဆိုင်ရာအဖွဲ့ခွဲ အလိုက်ရှိ မည်သည့်တာဝန်ခံမဆို ပေးပို့တင်ပြလာသော အလှူငွေ၊ ရံပုံငွေ၊ သုံးစွဲငွေ စသည့် ၀င်ငွေထွက်ငွေ စာရင်းများအားလုံးကို သိရှိပြီး ပရဟိတ လှုပ်ရှားမှု တစ်ခုချင်းစီ၏ သုံးစွဲငွေ စာရင်းရှင်းတမ်းများကိုလည်းအသေးစိတ် ပြုစုနိုင်ရန် နှင့် သတ်မှတ်ချိန်အတွင်း ဗဟိုဦးစီးကော်မတီ စာရင်းကိုင်တာဝန်ခံသို. တင်ပြနိုင်ရမည်။
  • မိမိတို့ အဖွဲ့ခွဲမှ ကူညီလုပ်ဆောင်ပေးနိုင်သည့် အခြားဘဏ္ဍာရေးနှင့်ဆိုင်သော ကိစ္စရပ်များကို ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးနိုင်ရန်။
      
   
အသင်းဝင် နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ဆိုင်းငံ့စောင့်ကြည့်ခြင်း စသည့် ကိစ္စရပ်များအတွက် လိုက်နာရန် စံများ
   

အသင်းဝင်များ၏ သဘောဆန္ဒအရ အဖွဲ့မှ နှုတ်ထွက်ခွင့်တောင်းခြင်း သော်လည်းကောင်း၊ အဖြူရောင်အားမာန်ပရဟိတအသင်း ၏ မူဝါဒ စည်းကမ်းများ ဖောက်ဖျက်ခြင်း စသည်ကြောင့် အဖွဲ့မှ ထုတ်ပယ်ရန် ဆုံးဖြတ်ကြ၍ သော်လည်းကောင်း၊ စသည့် ကိစ္စရပ်များတွင် အဆိုပါ အဖွဲ့ဝင်၏ အသင်းဝင်နံပါတ်၊ အမည် စသည့် စာရင်းအား ဖျောက်ဖျက်ခြင်း၊ အစားထိုးခြင်းများ မပြုလုပ်ဘဲ ဗဟို အသင်းဝင်ဆိုင်ရာကော်မတီ တာဝန်ခံ၊ သက်ဆိုင်ရာအဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တာဝန်ခံ၊ တွဲဖက် တာဝန်ခံ၊ အသင်းဝင် တာဝန်ခံတို့မှ "နှုတ်ထွက်သွားသော" သို့မဟုတ် "ထုတ်ပယ်လိုက်သော" အသင်းဝင်များစာရင်း  သီးသန့် စာရင်းပြုစုထား ရမည်။

   
စာရင်းရှိ အသင်းဝင်များ အနေဖြင့် အစည်းအဝေး၊ လှုပ်ရှားမှု စသည်များတွင် ဆက်တိုက် တက်ရောက်ရန် ပျက်ကွက်ခြင်း၊ ဆက်တိုက် ဆက်သွယ်၍ မရခြင်း စသည် ကိစ္စရပ်များတွင် ထို အသင်းဝင်ကို အသင်းဝင်အဖြစ်မှ ယာယီ ထုတ်ပယ်၍ ဆိုင်းငံ့ စောင့်ကြည့် စာရင်းသို့ ထည့်သွင်းထားရမည်။ ဆိုင်းငံ့ စောင့်ကြည့်ကာလ ၁လ ပြည့်သောအခါ ဗဟို အသင်းသား ဆိုင်ရာကော်မတီ တာဝန်ခံ၊ သက်ဆိုင်ရာ အဖွဲ့ခွဲ အုပ်ချုပ်မှုကော်မတီ တာဝန်ခံ၊ တွဲဖက် တာဝန်ခံများနှင်. တိုင်ပင် ဆွေးနွေး ပြီး အသင်းဝင် အဖြစ် ဆက်လက်ထားရှိမည် သို့ မဟုတ် ထုတ်ပယ်မည် ကို ဆုံးဖြတ် ရမည်။
   
သက်ဆိုင်ရာ အဖွဲ့ခွဲ အသင်းဝင် တာဝန်ခံများ အနေဖြင့်အသင်းဝင်အသစ်ဝင်ခြင်း၊ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ဆိုင်းငံ့စောင့်ကြည့်ခြင်း စသည့်တို့ကြောင့် အသင်းဝင် အင်အား အခြေအနေ အပြောင်းအလဲ ရှိတိုင်း အသင်းဝင်နံပါတ်များ၊ အသင်းဝင်စာရင်းများ ပြန်လည်တိုက်ဆိုင်စစ်ဆေးအတည်ပြုပြီး အသင်းဝင်စာရင်းအချောသတ်အား ဗဟို အသင်းသား ဆိုင်ရာကော်မတီ တာဝန်ခံ ) ထံသို့ ပြန်လည် ပေးပို့တင်ပြပေးပါရန် လိုအပ်ပါသည်။
  
ပြည်ပအဖွဲ့ခွဲများ အသင်းဝင်အသစ်လက်ခံရာတွင် လိုက်နာရန် စံများ
  
အဖြူရောင်အားမာန် ပရဟိတ အသင့်း ပြည်ပအဖွဲ့ခွဲများအနေဖြင့် အသင်းဝင်အသစ်များလက်ခံရာတွင်
  •  အသင်းဝင်မည်.သူများသည် နိုင်ငံရေးကင်းရှင်းရမည်။ ပြည်ပနိုင်ငံတွင်နိုင်ငံရေးခိုလှုံနေသူ   မဖြစ်စေရ။
  • ပရဟိတလုပ်ငန်းများတွင် အမှန်တကယ်စိတ်ပါဝင်စား၍ အသင်း၏လှူပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လိုစိတ်အမှန်တကယ် ရှိသူဖြစ်ရမည်။
  • ဥပဒေနှင်.မလွတ်ကင်းသော မည်သည်.လုပ်ဆောင်မှုမျိုးနှင်.မှ ပတ်သက်ဆက်နွယ်သူမဖြစ်ရ။

    
ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ပတ်သက်သော ကိစ္စရပ်များအတွက် လိုက်နာရန် စံများ
   
အလှူငွေ ကျပ် တစ်သောင်းနှင့်အထက်အပြင် ကျပ်တစ်သောင်းနှင့် ညီမျှသောပမာဏနှင့် အထက် လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ် ရမည်။ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရန် ကိစ္စရပ်များရှိတိုင်း ဗဟိုဦးစီးကော်မတီ ထံသို့ တင်ပြရမည်။ အင်တာနက်သတင်းနှင်.ပြန်ကြားရေးဆိုင်ရာတာဝန်ခံများမှအဖြူရောင်အားမာန်ပရဟိတအသင်း ပင်မ ၀က်ဘ်ဆိုဒ် နှင့်  ပင်မ Facebookပေ့ခ်ျ တို့ တွင် အချိန်နှင်.တပြေးညီ တင်ပေးရမည်။

အသင်းသို.၀င်ရောက်လေ.လာလိုပါက  http://apydonation.blogspot.ru နှင်. http://apydonation.ning.com/   သို.၀င်ရောက်ကြည်.ရှူနိုင်ပါသည်။

 

Attention: open in a new window. PrintE-mail










1 comment: