ခု တင်ပြမှာကတော့
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ်နေ့က ကလေးသူငယ် ၂၅၀ ကျော်အားပညာရေးထောက်ကူပြု
ပစ္စည်းများပေးအပ်ပွဲမှမှတ်တမ်းတွေပါ။
ပါဝင်ခဲသည်အသင်းများ - ဓမ္မဒါန သစ်ပင်ငယ်လေးများနှင့် YCPပရဟိတလူငယ်အသင်း
ကျင်းပခဲ့သောနေရာ - လိုင်သာယာမြို့နယ် ၊သာသာနာပြု ဘ.က ဘုန်းတော်ကြီးကျောင်း
အချိန် - နံနက် ၉ နာရီမှ ညနေ့ ၃ နာရီခွဲ
လှူဒါန်းခဲ.သည့်ပစွည်များ -
ကလေးတစ်ယောက်လျှင်
- စာအုပ် ၄ အုပ်၊ခဲတံ နှစ်ချောင်း၊ ဘောပင်တစ်ချောင်း၊ ပေတံတစ်ချောင်း၊ ခဲဖျက်တစ်တုံး၊
ပညာပေးကျန်းမာရေးစာအုပ် တစ်အုပ်၊ အ၀တ်အထည်က နှစ်စုံ၊ ကမ္ဘာမြေပုံ တစ်ချပ်၊ သွားတိုက်ဆေး
တစ်ဗူး၊ သွားတိုက်တံ တစ်ချောင်း။
ကလေးများအား ကျွေးမွေးသည့်အစီစဉ် - ကလေး ၂၅၀ ကိုကြာဇံကျော်နှင် ညနေ့ ၂နာရီ၃၀ တွင် နို့အအေး တစ်ခွက်၊ပေါင်မုန့်တစ်လုံး။
သစ်ပင်ငယ်လေးများမှ တက်ရောက်လာသည်အသင်းဝင် 150 စာအတွက် - ကြာဇံကြော် နို့အေးတစ်ခွက်
အသင်းဝင်များနှင့်စေတနာရှင်အလှူရှင်များ ဧည့်သည်တော်များ မဲစနစ်ဖြင်. ဖေါက်ပေးသည်ပစွည်များ
၁။ တေးသံရှင် သျိုင်းဝဏ သီချင်းလက်ဆောင် = ခွေ ၅၀
၂။ တေးသံရှင်ဇော်ဝင်နိုင် သီချင်းလက်ဆောင် = ခွေ ၅၀
၃။ တေးသံရှင် ပြုံးထက်သာသိချင်းလက်ဆောင် = ခွေ ၅၀
၎။ ဆပ်ပြာအမွေးတုံး - ၄၀တုံး
၅။ လက်ကိုင်ပ၀ါ အထည် - ၄၀ထည်
၆။ သွားတိုက်ဆေး - ၂၀ဗူး
၇။ သွားတိုက်တံ - ၁၀ချောင်း
သံဃာတော်အရှင် မြတ် ၅ ပါးနှင့် သာမဏေ ၆ ပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ခဲ.ပါသည်။
ဂုဏ်ပြုကျေးဇူးတင်လွှာ
ကလေးသူငယ်များ
ပညာရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပူပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့်အသင်းများမှာ
YCP ပရဟိတ လူငယ်အသင်းမှ တာဝန်ခံများနှင့် အသင်းဝင် ၆၀ ကျော်တို့မှလဲ တက်ရောက်
ပူပေါင်းပါဝင် တပျော်တပါး ပေးဝေ လှူဒါန်းပေးခဲသလို နှလုံးသားလှသော ချစ်စွာသော အနှပညာရှင်မောင်နှမများမှလည်း
အခမဲ့ ကုသိုလ်ဖြစ် လာရောက် ဖျော်ဖြေပေးခဲ့ပါသည်။ အသင်း ၇ိုက်ကူးရေးတာဝန်ခံများ ကိုဉာဏ်၊
ကိုဆက်ပိုင်၊ ကိုသက်နိုင်အေးတို့မှ ပြောင်မြောက်စွာအမိအရ မှတ်တမ်းတင်ပေးနိုင်ခဲ့သလို
တေးသံရှင်များ ဖြစ်ကြသည်. ကိုကိုမောင်၊ မိုးသက်နိုင်၊ ကိုသျိုင်းဝဏ၊ ကိုဇော်ဝင်းနိုင်၊
ကိုသာလင်းထက်၊ ကိုဆန်မင်းစိုး၊ ပြုံးထက်သာ၊ ငုဝါလှိုင်၊ ခိုင်ဝါသန့် နှင့် ဂရင်းလိုက်
ဝိုင်းတော်သားများနှင့်ဒန်ဆာ အဖွဲ့များတို.ကလည်း မိမိတို.တတ်ကျွမ်းသော အနုပညာဖြင်.
ကုသိုလ်ပြုခဲ.ကြပါတယ်။ YCP ပရဟိတအသင်းမှ တင်ဆက်သော ပညာပေးတစ်ခန်းရပ်ပြဇာတ်လေးဟာလည်း
ပရိတ်သတ်လေးများဖြစ်သည်. ကလေးသူငယ်များမှ အလွန့်အလွန် သဘောကျ နှစ်သက်ခဲ.ကြပါတယ်။
ပူပေါင်းပါဝင်ကူညီပေးခဲ့သည့် YCP ပရဟိတလူငယ်အသင်းများ၊ သစ်ပင်ငယ်လေးများ၊
စေတနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အကောင်းဆုံးဧည်ခံခဲ့ ပါသော်လည်း အဆင်မပြေလွဲချော်မူလေးများ
ရှိခဲ့ပါရင် နားလည်ခွင့်လွတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အစဉ်ယုံကြည်လေးစာလျှက်
အရှင်ကေသရ( သစ်ပင်ငယ်)
ph;09401527399
Ukaythara.small.plants@gmail.com
အရှင်ကေသရ( သစ်ပင်ငယ်)
ph;09401527399
Ukaythara.small.plants@gmail.com
No comments:
Post a Comment